Description
ဘယာကြော်နည်း
ပါ၀င်ပစ္စည်း
မွှေးကုလားပဲ ဘယာကြော်မှုန့် တစ်ထုပ်
(ကုလားပဲကို သုံးမယ်ဆိုရင် ရေ ၁၀နာရီလောက် စိမ်ပြီး blender ထဲ ရေထဲ့ကြိတ်ပါ)
ရေ 160 ml (နို့ဆီဘူး တ၀က်ကျော်ကျော်)
ဆားလက်ဖက်စားဇွနိး တဇွန်း
ကြက်သားမှုန့်/ဟင်းရွက်မှုန့် လက်ဖက်စားဇွနိး တဇွန်း
ကြက်သွန်နီ အလတ် တစ်လူံး
ဂျင်း အနည်းငယ်
ငြုတ်သီးစိမ်း ၁၀တောင့်(ဘယာကြော်ထဲ ထဲ့ဖို့ရယ် အချဥ်ထဲ ထဲ့ဖို့ရယ် အစပ်ကြိုက်ရင် ပိုထဲ့ပါ)
ကြက်သွန်ဖြူ ၂တက်
ထန်းလျက်ခဲ ၂ခဲ / မန်ကျီးသီး အနည်းငယ်
ပျင်းတော်သိမ်းရွက် ၂ခက်
ပြင်ဆင်ပုံ
မွှေးကုလားပဲ ဘယာကြော်မှုန့် တထုပ်ကို ဇလုံထဲ ဖောက်ထဲ့ပါ ရေ 160ml ထဲ့ပြီး မွှေပါ (45မိနစ်/1နာရီ) လောက် နှပ်ထားပေးပါ။ မန်ကျီးသီး ရေနွေးစိမ်ထားပေးပါ ထန်းလျက်ခဲ ရေနွေးစိမ်ထားပေးပါ ကြက်သွန်နီ ပါးပါးလှီးပြီး အလယ်က ထက်ပိုငိး ပိုင်းပေးပါ ပျဥ်တော်သိမ်းရွက် ပါးပါးလှီးထားပါ ငြုတ်သီးစိမ်း ပါးပါး လှီး ထားပေးပါ ဂျင်းနုတ်နုတ်စင်းထားပေးပါ ။ ကြက်သွန်ဖြူနဲ့ ငြုတ်သီးစိမ်း ထောင်းထားပေးပါ (အချဥ်ရေ ဖျော်ဖို့ပါ)
၂နာရီ နှပ်ထားပြီးထဲကို ဆား/ဟင်းရွက်မှုန့် /ကြက်သွန်နီ/ဂျင်း/ပျဥ်တော်သိမ်း /ငြုတ်သီးစိမ်း ရောနယ်ပါ
ကြော်နည်း
ဆီပူပူမှာ နယ်ထားပြီးသားကို ဇွနိးနဲ့ ခပ်ပြီး ထဲ့ကြော်ပေးပါ တဖက်ရဲလာရင် တဖက်လှန်ပါ ၂ဖက်လုံး ရဲလာရင် ဆီစစ်ဇကာပေါ် tissue တင်ပြီး ဆယ်ထားလို့ရပါပြီ ကျွတ်ကျွတ်လေးနဲ့ အရမ်းစားကောင်းသော
အချဥ်ရည် စပ်နည်း
ထန်းလျက်ရည်ရယ် မန်းကျည်းရည်ရယ် ကြက်သားမှုန့်ရယ် ကြက်သွန်ဖြူ/ငြုတ်သီးစိမ်းထောင်း မွှေလိုက်ရင် ရပါပြီ
ခွန်းချို ဟင်းချက်နည်းများနှင့်မုန့်လုပ်နည်းများ
Reviews